ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိုင်းအသိ၊ မိုင်းသတိ အသိပညာပေးဆောင်ရွက်

ဒဂုံအရှေ့  ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အများပြည်သူများဘေးအန္တရာယ်ကင်းလုံခြုံစေရန်ရည်ရွယ်၍ မိုင်းအသိ၊ မိုင်းသတိအသိပညာပေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌဦးမျိူးသူက မိုင်းအသိ၊ မိုင်းသတိရှိစေရေးအဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အမှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ်ကျော်နိုင်က မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်းအများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေးအတွက် မိုင်းအသိ၊ မိုင်းသတိဖြင့်အသိကိုရှေ့ထား၍ သတိဖြင့်ဆောင်ရွက်တက်စေရန်၊ မိုင်းနှင့်ဗုံးခွဲခြားတက်စေရန်၊ မိုင်းအမျိုးအစားအလိုက်အန္တရာယ်ရှိပုံများ၊ မိုင်းများကိုအန္တရာယ်ကင်းရှင်းစွာကိုင်တွယ်တက်စေရန်၊ မိုင်းများတွင်ပါဝင်သော ယမ်းအမျိုးအစားများစသည်တို့ကို ရှင်းလင်းပြောကြားပြီး မိုင်းပြုလုပ်ရာတွင် အသုံးပြုသောပစ္စည်းများကိုလည်း သရုပ်ပြခင်းကျင်းပြသကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆောင်ရွက်မှုသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)