သတင်းများ

မြို့နယ်ပြည်သူ့ဆေးရုံတွင် မီးဘေးကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်
Apr 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်
Apr 09,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာ‌ဈေးကြီးနှင့် လူစည်ကားရာ မီးပွိုင့်လမ်းဆုံ နေရာများသို့ သွားရောက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်သည်။
မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြစိမ်းလန်းစိုပြည်စေရေးပန်း အလှပင်များစိုက်ပျိုး နိုင်ရန်ပျိုးပင်များပြုစုပျိုးထောင်
Apr 09,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ကမြို့သစ်မြို့ အားမြို့အင်္ဂါရပ်နှင့် အညီအစဉ်သန့်ရှင်းသာယာ လှပနေစေရေးအတွက်ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ညနေကမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန် ထမ်းများပူးပေါင်း အဖွဲ့မှမြို့နယ် အတွင်းသာယာစိမ်းလန်းစိုပြည်စေရန် ပန်းအလှပင်များစိုက်ပျိုးနိုင်ရေး လွတ်လပ်ရေး ပန်းခြံအတွင်း ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်များပြုစုပျိုးထောင်ခြင်း လုပ်ငန်းများ စုပေါင်းဆောင်ရွက်လျက်ကြောင်းသိရသည်။
ဟင်္သာတမြို့ ပဒေသာစျေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Apr 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ယာဥ်များ၊ စျေးအရန်မီးသတ်တပ်ဖွဲ့ပိုင်စက်များဖြင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို ယနေ့နံနက် ၈ နာရီက ဥယျာဥ်မြောက်ရပ်ရှိ ပဒေသာစျေးကြီးတွင် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဖြူးမြို့နယ်၊ ကြူအင်းအရှေ့ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ နဝမအကြိမ်မြောက် ထုတ်ချေး
Apr 09,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၊ကြူအင်းကျေးရွာအုပ်စု၊ ကြူအင်းအရှေ့ မြစိမ်းရောင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် အမှတ်(၄၆)စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်စေရေးနှင့် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာစေရန် ကောက်စိုက်စက်ဖြင့် နွေစပါးများ ကူညီစိုက်ပျိုးပေး
Apr 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်အတွင်းရှိ တောင်သူများ နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်၊  လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းလုပ်ငန်းများ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ပြည်တွင်း၊ပြည်ပ ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန် အတွက်မြောက်ဦးဟိုတယ်ဖွင့်လှစ်
Apr 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ပြည်တွင်း၊ပြည်ပ ဘုရား ဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် မြောက်ဦးဟိုတယ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
သုံးခွမြို့နယ် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ အမှတ်၈၄ ဓမ္မရိပ်သာတွင် သင်္ကြန်ကာလ(၂၂၁) ကြိမ်မြောက် (၁၀)ရက် အထူးတရား  စခန်းဖွင့်လှစ်
Apr 09,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ အမှတ်(၈၄)ဓမ္မရိပ်သာတွင် သင်္ကြန်ကာလ(၂၂၁)ကြိမ် မြောက် (၁၀)ရက်အထူးတရားစခန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၆နာရီ ခွဲကကျင်းပခဲ့ကြောင်းသိရသည်။