မြို့သစ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ အားကစားပြိုင်ပွဲများကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပညာရေးဌာနက ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။