ကျိုင်းတုံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်က မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရဿည်။
ထိုသို့ ကျိုင်းတုံမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု မြေပြင်စာရင်းကောက်များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား ခရိုင်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး အိမ်ထောင်စုလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၁)အုပ်စုရှိပြီး အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေး (Pilot Project) လုပ်ငန်းကို ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)