သတင်းများ

ဂွမြို့တွင် တရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းအား အများပြည်သူသိရှိစေရေး အသိပညာပေး (Talk Show) ကျင်းပ
Jan 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ FDAမှ မှတ်ပုံတင်ရရှိထားသော DICLON-Mနှင့် ပုံစံတူ တရားမဝင် ဆေးဝါးများဈေးကွက်အတွင်း ရောင်းချနေခြင်းအား အများပြည်သူသိရှိစေရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများနှင့်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကွင်းဆင်းကြည့်ရှု
Jan 10,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း  တိကျမှန်ကန်စေရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများနှင့်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းကျောင်းသား/သူများ ကိုဗစ်-၁၉ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှုများအား ယမန်နေ့ နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ငါ့သရောက်မြို့၌  ပဲစင်းငုံခင်းများ ခုတ်သိမ်းချိန် စျေးကောင်းရ၍ တောင်သူများ အဆင်ပြေ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ကျေးရွာများမှ တောင်သူများ မိုးဦးကျမှ စိုက်ပျိုးထားသော ပဲစင်းငုံခင်းများ ခုတ်သိမ်းချိန် စျေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာ ပဲစင်းငုံစိုက်တောင်သူများထံမှ သိရသည်။
မိုးညိုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် အချိန်စေ့လွန်ကြွေးကျန်များ ပြေကြေရေးအတွက် ခေါ်ယူတွေ့ဆုံပွဲကျင်းပ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် ရွှေတောင်မြို့နယ်ဘဏ်ခွဲမှ ၂၀၁၇/ ၂၀၁၈/ ၂၀၂၀/ ၂၀၂၁ မိုးချေးငွေကျန် (၁၀) အုပ်စု မှတောင်သူ (၁၂၇)ဦး တို့အားအချိန်စေ့လွန်ကြွေးကျန်များ ပြေကြေရေးအတွက် ခေါ်ယူတွေ့ဆုံပွဲ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
ရှမ်းပြည်နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်ပညာရေးစုံညီပွဲတော် ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၂၈) ကျောင်းအတွက် ရေသန့်စက်များ ရောက်ရှိတပ်ဆင်ပေးလျက်ရှိ
Jan 10,2023
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းမှ အခြေခံပညာကျောင်း (၁၂၈) ကျောင်းအတွက် ခွင့်ပြုချထားပေးသော  ရေသန့်စက် (၁၂၈)စုံသည် ယမန်နေ့အထိ တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Jan 10,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။