ပေါက်တောမြို့တွင် ဝန်ထမ်းများ စာဖတ်စွမ်းရည် မြင့်မားစေရန် စာဖတ်ဝိုင်းပြုလုပ်

ပေါက်တော ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် ယ​မန်နေ့ ညနေပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲစာအုပ် အခန်း(၁)ရှိ ငွေထုတ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ကြီးကြပ်အုပ်ချုပ်သူအရာရှိ၏ တာဝန်ဝတ္တရားများ၊ ဝန်ထမ်းများသို့ ကြိုတင်ငွေထုတ်ပေးခြင်း လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး​ ဒုတိယဦးစီးမှူး​ ဦးဝင်းမင်းစိုးက လစာ​ငွေတောင်းခံလွှာများ ပြင်ဆင်ရေးဆွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့်​ နောက်ဆုံးထုတ်လစာလက်မှတ်(L.P.C) အစရှိသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ပြီး တက်​ရောက်လာသည့် ဝန်ထမ်းများမှ ပြန်လည်​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ​ငွေစာရင်း ထိန်းသိမ်းနည်းအားသိရှိ​စေရန်နှင့် ကျွမ်းကျင်မှုရှိ​​စေရန်အတွက် ​ဆောင်ရွက်ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)