သာစည်မြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေမှုများနှင့်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကွင်းဆင်းကြည့်ရှု

သာစည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း  တိကျမှန်ကန်စေရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများနှင့်အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းကျောင်းသား/သူများ ကိုဗစ်-၁၉ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံမှုများအား ယမန်နေ့ နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရန်တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုများကို ယမန်နေ့နံနက်က စတင်ပြီး ရပ်ကွက်/ကျေးရွာများ၌ တပြိုင်တည်းပြုလုပ်ရာ မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက် ယူကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊တာဝန်ရှိသူများက ယင်းမာပင်ကျေးရွာ၊ ကျွဲတပ်ဆုံကျေးရွာနှင့် သူဌေးကုန်းကျေးရွာတို့တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များ  လူဦးရေစာရင်း  တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။ သာစည်မြို့ နယ်တွင်  e-ID စာရင်းအရ မြို့ပေါ် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၀ တို့တွင် အိမ်ထောင်စု   ၅၅၉၂၅ နှင့်လူဦးရေပေါင်း ၂၃၇၂၈၉ ဦး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်လွင်ထံက သိရသည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ယင်းမာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ မယ်ဇလီကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် သပြေဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအားဆေးထိုး အဖွဲ့သုံးဖွဲ့ဖြင့် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မယ်ဇလီကန်နှင့်ယင်းမာပင် ကျေးရွာဆေးထိုးစုရပ်များသို့ သွားရောက်ကြည့်ရှုအားပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ထိုးနှံပေးနိုင်ရန်  လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  အဆိုပါဆေးထိုးစုရပ်များတွင် ကျောင်းသား/သူ ၁၃၇၅ ဦး  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်