ပင်လုံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာ များတွင် ကောက်ယူလျက်ရှိရာ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ပင်လုံမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စုရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ယူမှု လုပ်ငန်းကို စာရင်းကောက်ယူရေးအဖွဲ့ တစ်ဖွဲ့လျှင်(၅)ဦးနှုန်းဖြင့် ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေးလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)