ကျိုက်လတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေး အဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်း ကစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် တစ်ပြိုင်နက်တည်း ကောက်ယူနေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။