မြို့သစ် ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပညာရေးဌာနက ကျောင်းသား၊ကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ကျောင်းတွင်းအားကစား ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျောင်းတွင်းအားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများမှကြီးကြပ်၍ ကျောင်းသား၊ ကျောင်းသူများအတွက် အလယ်တန်းတန်းအဆင့်အပြေးပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲအစရှိသည့် အားကစား နည်းများအား ပါဝင်ယှဉ်ပြိုင်စေပြီးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ဆုများချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း