ဂွ ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၌ FDAမှ မှတ်ပုံတင်ရရှိထားသော DICLON-Mနှင့် ပုံစံတူ တရားမဝင် ဆေးဝါးများဈေးကွက်အတွင်း ရောင်းချနေခြင်းအား အများပြည်သူသိရှိစေရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က တရားမဝင် ဆေးဝါးများအား ဈေးကွက်အတွင်း ရောင်းချနေခြင်းနှင့် ပတ်သက်၍ အသိပညာပေး (Talk Show)တွင် ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက ဆေးဆိုင်များတွင် DICLON-M Tablet(Diciofenac Sodium 50 mg, Paracetamol 500mg)သည် New Magnate Co-Ltd မှ ဆေးဝါးမှတ်ပုံ တင်၍ တင်သွင်းဖြန့်ဖြူးရောင်းချနေသော ဆေးဝါးဖြစ်ပြီး ဈေးကွက်အတွင်း ပုံစံတူဆေးဝါးများကို မှတ်ပုံတင်ထားခြင်းမရှိဘဲ တရားမဝင်တင်သွင်းရောင်းချနေကြသည့်အတွက် သုံးစွဲသူပြည်သူများဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များအားစစ်ဆေးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် မှတ်ပုံတင်မဲ့ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုရှိပါက သိရှိနိုင်စေရေးနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ၂./၂၀၁၉ ညွှန်ကြားချက်ပါ ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ဆေးဝါးနှင့်ပစ္စည်းများကိုသာ ဝယ်ယူ သုံးစွဲသင့်ကြောင်း အကျယ်တဝင့်ဆွေးနွေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်