မိုင်းစံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ အမှတ်(၃)ရပ်ကွက်၊ ဝိန်းကန်နယ်မြေ၌ မြေပြင်စာရင်းကောက်ယူရေး (Working Group) အဖွဲ့မှ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနေခဲ့ကြောင်း သိရှိရသည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းစံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်၊ မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူး ဦးမြင့်သောင်း၊ နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်စွာဝင်း၊ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစန္ဒာ၊ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်အတူ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်၊၊
မိုင်းစံ (ပြန်/ဆက်)