ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကြို့ပင်)၌ ယမန့်နေ့ နံနက် (၁၁) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အခြေခံ ပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၇၀)ဦး တက်ရောက်ခဲ့သည်။