ငါ့သရောက်မြို့၌  ပဲစင်းငုံခင်းများ ခုတ်သိမ်းချိန် စျေးကောင်းရ၍ တောင်သူများ အဆင်ပြေ

 ငါ့သရောက် ဇန်နဝါရီလ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ကျေးရွာများမှ တောင်သူများ မိုးဦးကျမှ စိုက်ပျိုးထားသော ပဲစင်းငုံခင်းများ ခုတ်သိမ်းချိန် စျေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာ ပဲစင်းငုံစိုက်တောင်သူများထံမှ သိရသည်။
ငါ့သရောက်မြို့သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်လျက်ရှိသည့် အားလျော်စွာ မြေပဲ၊ ပဲစင်းငုံ၊ နေကြာ၊နှမ်း ၊ပြောင်းစသည်တိုကို့ အဓိကထား စိုက်ပျိုးကြသည်။ ပဲစင်ငုံကို မိုးဦးကျ နှမ်း၊ မြေပဲတို့နှင့် သီးညှပ်၍ ပတ်ကျဲ၍သော်လည်းကောင်း အတန်းလိုက်ကြားချ၍ သော်လည်းကောင်း စိုက်ပျိုးကြကြောင်း သိရသည်။ ယခုအခါ ခုတ်သိမ်းချိန်တွင် အပင်များမှာ အထူးကောင်းမွန်ပြီ နို့ဆီဘူး လေးဘူးချ တစ်ဧကတစ်ကို ၈ တင်းမှ ၁၀ တင်းအထိအထွက်နှုန်းကောင်မွန်ပြီး တစ်ချိုးစိုက်ပျိုးဧကများသူများမှာဆိုရင်ဖြစ် တင်း (၈၀)မှ (၁၀၀) အထိရရှိကြကြောင်း သိရသည် ။ ယခုနှစ်တွင် ပဲစင်းငုံစျေးမှာလည်း ယခင်နှစ်များထက် ကောင်မွန်ပြီး ပဲစင်းငုံ တစ်တင်းကို (၅၅၀၀၀) ကျပ်မှ (၅၆၀၀၀) ကျပ်အထိ ရရှိနေ၍ စိုက်ပျိုးတောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ငါ့သရောက်နယ်မှ ထွက်ရှိလာသော ပဲစင်းငုံများကို ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းမြို့များသို့ တင်ပို့ရောင်းချယုံသာမက အချို့ပဲစင်းငုံပွဲစားများက ရွာများသို့ သွာရောက်ကာ ဝယ်ယူသည့်အတွက် တောင်သူများအတွက် ပိုမိုအဆင်ပြေလျက်ရှိကြောင်း ဗြူကြီးကျေးရွာ ပဲစင်းငုံစိုက်တောင်သူများထံမှ သိရသည်။
P.W.A(ပြန်/ဆက်)