ရွှေတောင်မြို့နယ်တွင် အချိန်စေ့လွန်ကြွေးကျန်များ ပြေကြေရေးအတွက် ခေါ်ယူတွေ့ဆုံပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ် ရွှေတောင်မြို့နယ်ဘဏ်ခွဲမှ ၂၀၁၇/ ၂၀၁၈/ ၂၀၂၀/ ၂၀၂၁ မိုးချေးငွေကျန် (၁၀) အုပ်စု မှတောင်သူ (၁၂၇)ဦး တို့အားအချိန်စေ့လွန်ကြွေးကျန်များ ပြေကြေရေးအတွက် ခေါ်ယူတွေ့ဆုံပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ တောင်သူတစ်ဦးချင်း ပြန်လည်ပေးဆပ်ရမည့် ကြွေးကျန်အမျိုးအစားအလိုက် အမြန်ပေးဆပ်ရေးအတွက် အမြန်ပေးဆပ်နိုင်ရေးနှင့် ပေးဆပ်မှုမရှိသူများအား လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင် သတိပေးလက်မှတ်ထိုးခဲ့သည်။

အဆိုပါ စိုက်ဘဏ်ချေးငွေအချိန်စေ့လွန်ကြွေးကျန်များ ပေးဆပ်နိုင်ရေးကြွေးကျန်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငွေချေးအကြံပေးအဖွဲ့ပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ချေးငွေကြွေးကျန်အများဆုံးကျန်ရှိသည့် ကျေးရွာအုပ်စု (၁၀) အုပ်စု တို့မှအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဌာနတို့မှ ကွင်းတာဝန်ခံများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)