မိုးညိုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

မိုးညို ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။                                            

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်မှုရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်‌သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို အုပ်စုအလိုက်အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)