ဝါးခယ်မ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြစိမ်းရပ်ကွက် မြစိမ်းကျောင်းတိုက်တွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်နှင့်အဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၎င်းရပ်ကွက်ရှိ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ကျေးရွာ လျှပ်စစ်မီးလင်းရေး ကိစ္စရပ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကျေးလက်လမ်း ခင်းကျင်းရန်လျှာထားမှုများ၊ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့်သီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုတို့အား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သော လုံခြုံရေးအစီအမံများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)