ရပ်စောက်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

ရပ်စောက် ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working group  မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်မှ စတင်ကာ ရပ်ကွက်(၈)၊ ကျေးရွာ(၁၃) အုပ်စုတွင် ကွင်းဆင်းဆောင်ရွက် နေကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် စာရင်းကောက်ယူရန်အတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်/ကျေးစာရေးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူနေကြောင်း သိရသည်။

ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုကို  မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စုများအထိ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး ရပ်စောက်မြို့နယ်တွင် မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့(၈၁)ဖွဲ့ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်