ရွာငံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှောချနိုင်ရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက စတင်ကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ဝင်းအောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မီတာစစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ နှင့်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျော့ချနိုင်ရေးအတွက် လျှပ်စစ်အသုံးပြုလျက်ရှိကြသော ရွာငံမြို့နယ်နှင့် မြို့ကြီးရှိ ရပ်ကွက်ကျေးရွာများအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် အသုံးပြုလျက်ရှိသော မီတာများ ရပ်၊ ပျက်၊ နှေး ဖြစ်ပေါ်မှု ရှိ/မရှိကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ယင်းသို့ ဆောင်ရွက်မှုများကို လစဉ်သတ်မှတ်ရက်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)