ကွမ်းလုံမြို့နယ် Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ကွမ်းလုံ ဇန်နဝါရီ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်လူရွယ်များ စာဖတ်ရှိန် တိုးတက်မြှင့်မားလာစေရန်နှင့် ဗဟုသုတကြွယ်ဝစွာရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကွမ်းလုံမြို့နယ်အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉) အမှတ်(၂၄)ပါ စာရေးဆရာ မောင်နှင်းဆီရေးသားသည့် စကားခွန်အား ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံး Community Centre ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတကြွယ်ဝစွာရရှိရေးအတွက် စာဖတ်ဝိုင်းများ၊ အသိပညာ ပေးလုပ် ငန်းများနှင့် ပြပွဲ/ ပြိုင်ပွဲများကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)