ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့် စာပေအသိပညာပေး Talk Show ပြုလုပ်

ဘူးသီးတောင် ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀) နာရီက လူငယ်နှင့်စာပေ အသိပညာပေး TalkShow ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က လူငယ်နှင့်စာပေ အသိပညာပေး TalkShow ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး လူငယ်တွေအနေဖြင့် စာပေဗဟုသုတ အတွေးအမြင် ကြွယ်ဝဖို့ စာပေများ ဖတ်ရှုသင့်ပါကြောင်း၊ စာပေမြင့်မှ လူမျိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ စာပေဖတ်ရှုးခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက လူမှုပတ်ဝန်းကျင်ဆက်ဆံတတ်မှုများ၊ လူငယ်တွေအနေဖြင့် ပညာသင်ကြားခြင်းဟာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ပါကြောင်းနှင့် လူငယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်းအား ကစားလှုပ်ရှားမှုများ စသည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း WeLoveButhidaungနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageများမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)