တမူး ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၉) နာရီ အချိန်က ကိုဗစ်ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး (၂) ကြိမ်နှင့် (၃)ကြိမ်ထိုးနှံပြီးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ နိုင်ငံ့ဝန်ထမ်း(ငြိမ်း)များနှင့် ပြည်သူများကို ကာကွယ်ဆေး အမျိုးအစား ထိုးနှံပြီးစီးမှုအလိုက် သီးခြားအုပ်စုများခွဲ၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
တမူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးတို့အတွက် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ