ပေါက်တော ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ တင်ဝါး(ခေါ်)ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် ကောက်ညှင်းဆန်အားအနည်းငယ် ပွလာအောင် ရေစိမ်ထားပြီး အနည်းငယ်ပွလာသည့်ကောက် ညှင်းဆန်အား အုန်းသီး၊ဆားစသည်တို့နှင့် သမအောင်မွှေပြီး ကောက်ညှင်းကျည်တောက်ပြုလုပ်သည့် ဝါးအတွင်းသို့ထည့်သွင်း၍ နာရီ ဝက်ခန့်မီးဖုတ်၍လည်းကောင်း ကောက်ညှင်းကျည်တောက်ပြုလုပ်ကြပြီး မီးဖုတ်ထားသည့် ကောက်ညှင်းကျည် တောက်အားရောင်းချရာတွင် မီးလောင်ကျွမ်းထားသည့် ဝါးကျည်တောက်အပေါ်ခွံအား ဖြူဖွေးလှပစေရန် ဓါးဖြင့်အနည်းငယ်ခွာ၍ ရောင်းချကြသည်။
အရသာမျိုးစုံထည့်သွင်း၍ ပြုလုပ်ထားသည့် ကောက်ညှင်းကျည်တောက်သည် ဒေသအစားအစာ တစ်မျိုးဖြစ်ကာ အရသာထူးကဲကောင်း မွန်ခြင်းကြောင့် လူမျိုးဘာသာမရွေးကြိုက်နှစ်သက်ကြပြီး ကောက်ညှင်းကျည်တောက်အရွယ်အစားအလိုက် (၄)ချောင်းလျှင်ငွေကျပ် (၂၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းကျည်တောက် ပြုလုပ်ရောင်းချသူများထံမှ သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)