ဇမ္ဗူသီရိ ဇန်နဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရွှေကြာပင်ရပ်ကွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများ၊ စာရင်းကောက်ယူရေးအဖွဲ့များက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်နှင့်ကျေးရွာများတွင်လည်း စာရင်းကောက်ယူရေးအဖွဲ့များက တစ်ပြိုင်တည်း ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)