အင်းစိန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေးဆောင်ရွက်
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေးကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အင်းစိန်မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက် အုပ်စုကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦး ရေစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူလျက်ရှိသည်။