လွယ်ဂျယ်မြို့အထက၌၂၀၂၂−၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကျင်းပ

လွယ်ဂျယ ဇန်နဝါရ ၁၀       

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့  အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမတွင်  ၂၀၂၂−၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် စုံညီပွဲတော်   ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။ ထို့နောက် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် အတွင်းကျောင်းတွင်း ကာယ၊ ဉာဏပြိုင်ပွဲများဖြစ်သည့် အားကစားပြိုင်ပွဲများ၊ စာစီစာကုံ:ပြိုင်ပွဲ၊ ကဗျာရွက်ဆိုပြိုင်ပွဲများ၌ ဆုရရှိသူများအား တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

လွယ်ဂျယ်(ပြန်/ဆက်)