သတင်းများ

နတ်မောက်မြို့နယ်တွင် ဆီးသီးစျေးကောင်းသည့်အတွက် မိသားစု တစ်ဘက်တစ်လမ်းမှဝင်ငွေရရှိ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အလေ့ကျဆီးသီးများ စျေးကောင်းလျက်ရှိကြောင်း ဆီးသီး အရောင်းအဝယ် လုပ်ကိုင်သူ မတင်တင်အေးထံကသိရသည်။
ဘားအံတက္ကသိုလ်၌ ဘာသာရပ်ပေါင်း (၁၆) ခုကို သင်ကြားပေးနေပြီး မောင်မယ်သစ်လွင် ၈၉၄ ဦး အပါအဝင် ကျောင်းသား၊ကျောင်းသူ ၃၆၃၀ ဦး တက်ရောက်ပညာသင်ကြား
Jan 11,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ပြည်မြို့ အထက(အောင်ဆန်း) ကျောင်းပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက(အောင်ဆန်း)ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း "အောင်ဆန်း"ခန်းမ၌ကျင်းပရာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်‌ဆောင်အဖွဲ့များ၊ ကျောင်းသားမိဘ/ အုပ်ထိန်းသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။
တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တတိယအကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်းရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား တတိယအကြိမ် ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နေကြာ သီးနှံအထွက်နှုန်းတိုးစေရန်နှင့် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျ ရောစပ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက်၊ အောင်သာရပ်၊ ဦးတင့်ဆန်းလွင်၏ နေကြာ စိုက်ခင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများကို ယမန်နေ့နံနက် (၈)နာရီမှ စတင်၍ စာရင်းကောက်ယူလျက်ရှိသည်။