ရေဖြူမြို့နယ်၌  အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ ဒုတိယနေ့ကွင်းဆင်းဆောင်ရွက်

ရေဖြူ   ဇန်နဝါရီ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌မြို့နယ်၌ ၂၀၂၃  ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပရန်လျာတားသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ရပ်ကွက်/ကျေးရွာအုပ်စုများတွင်  အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှုစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က ဒုတိယနေ့အဖြစ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရေဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်တာဝန်ပေးမှုဖြင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကိုစတင်ဆောင်ရွက်လျက်ရှိရာ ရေဖြူမြို့နယ်ရှိ ရပ်ကွက် (၄)ရပ်ကွက်၊ ကလိန်‌အောင် မြို့ရှိ ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၃၄)အုပ်စုနေ ပြည်သူများအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်‌‌သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့တို့မှ  အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေ စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်နေ့လျှင် ရပ်ကွက်နှင့်‌ကျေးရွာများကို (၂၅)အိမ် နှုန်းဖြင့်မြေပြင်ရှိ လူဦးရေစာရင်းများ ကောက်ယူခြင်းကို ဒုတိယနေ့အဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ခတ္တာ