သတင်းများ

ပင်လယ်ရေထွက် ရေခူဈေးကောင်းရရှိ၍ ‌‌ဖမ်းဆီးသူနှင့်ခူလုပ်သူများပြား
Jan 10,2023
တနင်္သာရီတိုင်းဒေသကြီး၊    ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့နယ်အတွင်း ပင်လယ်ရေထွက် ရေခူဈေးကောင်း ရရှိနေသဖြင့် စီးပွားဖြစ် ရေခူသိုလှောင်လုပ်ကိုင်ကြသူများနှင့် ဖမ်းဆီးသူ များပြားနေခြင်းဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ကျင်းပခဲ့ ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့်​​ စာအုပ်စာစောင်များငှားရမ်း
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် သရက်မြို့နယ်၏ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 10,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သရက်မြို့နယ်၏ ပညာရေးစုံညီပွဲတော်ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
တောင်ငူမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ကလောမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်
Jan 10,2023
ကျေးလက်နေ တိုင်းရင်းသူလေးများအား အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ပညာရပ်များ သင်ကြားတတ်မြောက်ပြီး မိမိတို့ ရပ်ရွာဒေသအတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်များ ဆောင်ရွက်ခြင်းဖြင့်
မင်္ဂလာတောင်ညွန့်မြို့နယ် ပညာရေးစုံညီပွဲတော် ဘက်စုံဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင် နှစ် ပညာရေးစုံညီပွဲတော် ဘက်စုံဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အထက (၃) ကျောင်းခန်းမအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ဗိုလ်တထောင် ခရိုင်ပညာ‌ရေးမှူး ဆရာမကြီးဒေါ်သင်းသင်းမြတ် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster dose) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။