သတင်းများ

တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တတိယအကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်းရောဂါကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများအား တတိယအကြိမ် ကိုဗစ်-၁၉  ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Jan 11,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံးမှ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲ ဆောင်ရွက်
Jan 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်စိုက်ပျိုးရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နေကြာ သီးနှံအထွက်နှုန်းတိုးစေရန်နှင့် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိုးကျ ရောစပ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ နေကြာသီးနှံတွင် ယူရီးယား၊ နွားချေး ရောစပ်ဖျော်ရည် ပက်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်းရပ်ကွက်၊ အောင်သာရပ်၊ ဦးတင့်ဆန်းလွင်၏ နေကြာ စိုက်ခင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများကို ယမန်နေ့နံနက် (၈)နာရီမှ စတင်၍ စာရင်းကောက်ယူလျက်ရှိသည်။
သတင်းနှင့်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးပြုလုပ်
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ် ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက သတင်းနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့သည်။
ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း ခင်းကျင်းနေမှု အရည်အသွေးပြည့်မီစေရေး ကွင်းဆင်း စစ်ဆေး
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကန့်ဘလူမြို့ အမှတ်( ၁)အလက(ခွဲ)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 10,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲက ကျင်းပကြောင်း သိရသည်။