ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ချောင်းဆုံ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမတွင် ယ​နေ့နံနက်ကမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် (ထွေ/အုပ်၊ ရဲ၊ လဝက၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆည်/ မြောင်း၊ မွေး/ ကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ ကျေးလက်လမ်း၊ ကျေး/ လက်၊ လျှပ်စစ်၊ ပြန်/ ဆက်၊ စိုက်/ ဘဏ်၊ ကော်မရှင်) ဌာနတို့မှ ကွင်းဆင်း၍ ကျေးရွာ​ပြည်သူများနှင့်​တွေ့ဆုံဆွေး​နွေးခဲ့​ကြသည်။

တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း၊ covid ၁၉ ရောဂါကာကွယ်ကုသခြင်းအတွက် အသိပညာပေးဟောပြောခြင်း၊ mask campaign ပြုလုပ်ခြင်း၊ ဆေးကုသပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံနှင့်ပတ်သက်၍ အခက်အခဲများအား မြို့နယ်လဝကရုံးသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ကို ချပြဆွေးနွေးခြင်း၊ Sim Card များ စနစ်တကျဝယ်ယူအသုံးပြုနိုင်ရေးနှင့် မှန်ကန်စွာမှတ်ပုံတင် သုံးစွဲနိုင်ရေးအသိပေးကြေညာချက်ကို ချပြဆွေးနွေးခြင်း၊ မွေး/ တိုးကိစ္စရပ်များနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ တိရစ္ဆာန်များအား ဆေးကုသခြင်းနှင့် ကာကွယ်ဆေးထိုးနှံ​ပေးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ တောင်သူလယ်သမားများအား ပုံစံ(၇) အမည်ပြောင်းလျှောက်ထားမှုအတွက် ပုံစံ(၇) ပြန်လည်ထုတ်ပေးခြင်း၊ မီးဘေးနှင့်လျှပ်စစ်ဘေးအန္တာရယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ လမ်းတံတားကဏ္ဍတိုးတက်ရေး လယ်ယာကဏ္ဍတိုးတက်ရေးစသည့် ကဏ္ဍများကို၊ သက်ဆိုင်ရာဌာနမှသက်ဆိုင်ရာ စစ်ကြောင်းကဏ္ဍအလိုက် ပြည်သူတို့၏ တင်ပြချက်လိုအပ်ချက်များအား​ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ( ပြန်/ ဆက် )