ကျွန်းစုမြို့တွင် (Working Group) မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်

ကျွန်းစု ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဇန်နဝါရီလ (၉) ရက်နေ့မှစ၍ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   ၎င်းကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းကို လက်ရှိမြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်(Woking Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှကြီးကြပ်လျက် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သန္ဓေမီးသတ်နှင့် အရန်မီးသတ်တပ်ဖွဲဝင်များ၊ NGO အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၂၇)ခုတွင် စာရင်းကောက်အဖွဲ့(၇၇)ဖွဲ့မှ ပုံစံ(၆၆)နှင့် မြေပြင်ရှိ လူဦးရေစာရင်းများကို ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိသည်။

လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် ပြင်ဆင်/ ဖြည့်စွက်ခြင်း/ ပယ်ဖျက်ခြင်း၊ အမည်ကွဲလွဲနေခြင်း၊ မွေးသက္ကရာဇ် ကွဲလွဲနေခြင်း၊ နိုင်နံပါတ်ကွဲလွဲခြင်း၊ သေဆုံးပယ်ဖျက်ခြင်း၊ ပြောင်းထွက်ပယ်ဖျက်ခြင်း၊ မြေပြင်မှာ နေထိုင်ခြင်းမရှိသူများအား ပယ်ဖျက်ခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ပယ်ဖျက်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကို သီးခြားစာရင်း ကောက်ယူခြင်း၊ သက်ကြီးမွေးတိုး (လူကျန်)များကို ပုံစံအလွတ်ဖြင့် ရေးသွင်းခြင်း၊ (ကိုယ်ခန္ဓာ/အမြင်/အကြား/ဉာဏ်ရည်/စိတ်ပိုင်းဆိုင်ရာ) မသန်စွမ်းသူ စာရင်းခွဲခြား ကောက်ယူခြင်း စသည်ဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)