တောင်ကုတ် ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်မှ စတင်၍ (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့ အိမ်ထောင်စုစာရင်းများ ကောက်ယူရာတွင် Sever အတွင်းရှိ အိမ်ထောင်စုစာရင်းများတွင် မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ပြည့်စုံမှန်ကန် ရေးဖြည့်သွင်းခြင်း ၊ နိုင်-၄ မှတ်တမ်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဖြည့်သွင်းခြင်း ၊ အခြားမြို့နယ် အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမျှ မရှိသူရွှေ့ပြောင်း ၊ ပျံကျများအား အိမ်ထောင်စု(အလွတ်) ဖြင့်ကောက်ယူခြင်း၊ မသန်စွမ်းသူ(၅)မျိုးစာရင်းအား စနစ်တကျ ကောက်ယူခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ စာရင်းများ ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် အဆင်ပြေစေရန်အတွက် ခရိုင် (Working Group) မြေကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင် ၊ ခရိုင်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ၊ ခရိုင်လဝက ဦးစီးမှူး ဦးရည်သန့် ၊မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးလျက်ရှိသည်။
တောင်ကုတ်မြို့နယ်တွင် ရပ်ကွက်(၁၄)ကွက်၊ ကျေးရွာအုပ်စု(၅၂)စုတို့၌ ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့ပေါင်း (၈၇)ဖွင့် စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)