သတင်းများ

သတင်းနှင့်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးပြုလုပ်
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ် ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက သတင်းနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့သည်။
ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း ခင်းကျင်းနေမှု အရည်အသွေးပြည့်မီစေရေး ကွင်းဆင်း စစ်ဆေး
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်း-ဇီးချောင် ကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ပုသိမ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အရည်အသွေး ပြည့်မီစေရေး ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကန့်ဘလူမြို့ အမှတ်( ၁)အလက(ခွဲ)ကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 10,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ် (၁) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲက ကျင်းပကြောင်း သိရသည်။
လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်မှ ကျေးရွာများအရောက် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို ပထမနေ့အဖြစ် တစ်ချိန်တည်း ကောက်ယူခဲ့ကြသည်။
အခြေခံပညာမူလတန်းကျောင်း၊ ရေတံခွန်(တောင်ပိုင်း)ကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 10,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ အခြေခံပညာမူလတန်းကျောင်း၊ ရေတံခွန်(တောင်ပိုင်း)ကျောင်း၌ ဆုချီးမြှင့်ပွဲ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် “ရာသီဥတုပြောင်းလဲမှု” အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်
Jan 10,2023
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jan 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အသင်းတို့ ပူးပေါင်း၍ စာရေးဆရာမောင်မြင့်ကြွယ် ဘာသာပြန်ရေးသားထားသော “အကြွင်းမဲ့ခေါင်းဆောင်မှု သဘောတရား စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။