ရေဦးတွင်အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူ

ရေဦး ဇန်နဝါရီ ၁၀

ရေဦးမြိုတွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ကောက်ယူခဲ့ကြောင်း သိရသည်။

ထိုသို့ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းများကောက်ယူရာတွင် (working Group) မှ တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၆ ဦးပါဝင်သည့် အဖွဲ့ပေါင်း ၁၅ ဖွဲ့ဖြင့် မြို့ပေါ် ၅ ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ တစ်ဖွဲ့ချင်းစီအနေဖြင့် တစ်ရက်လျှင် အိမ်ထောင်စု ၂၅ စုနှုန်းဖြင့် အိမ်ထောင်စု ၃၇၅ စု အထိကောက်ယူပြီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယလ၀ကမှူး ဦးကျော်ခိုင်ဝင်း ကပြောသည်။

ထိုသို့ အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့ဝင်များ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဦးကျော်ဆွေနှင့် မြို့နယ်တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုအောင်မြင်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ပူးပေါင်းပါဝင်ကာ နယ်မြေလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)