ရန်ကုန် ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေး အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူရေး ကို ယနေ့ နံနက်ပိုင်းမှစတင်ကာ အင်းစိန်မြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက် အုပ်စုကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦး ရေစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းကောက်ယူလျက်ရှိသည်။
မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ စာရင်းကောက်ယူရေးအဖွဲ့များက ကောက်ကွက်များအလိုက် တစ်ပြိုင်နက်တည်းဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိသည်။
မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အင်းစိန်မြို့နယ်၊ မြို့သစ် (က+ခ)ရပ်ကွက်၊ (က-၅)လမ်း၌ တစ်အိမ်တက်ဆင်း ကောက်ခံဆောင်ရွက်လျက်ရှိရာသို့ အင်းစိန်ခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေသွေး၊ အဖွဲ့ဝင်(၃) ခရိုင်လဝက ဦးစီးမှူး ဦးမင်းဆွေ၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သုခလှိုင်၊ အဖွဲ့ဝင်(၃) မြို့နယ်လဝက ဦးစီးမှူး ဦးညီညီစိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်တို့ပါဝင်သော အဖွဲ့ဖြင့် စာရင်းကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စာရင်းများမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပြီး အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)