သတင်းများ

ညောင်ဦးမြို့တွင် မြေပြင်ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူ
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ယနေ့တွင်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာများတွင် စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်စတေကာများ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုင်ကယ်စီးနင်းသူများအား ရောင်ပြန်စတေကာများကပ်ပေးခြင်း၊ မော်တော်ကားများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊
ချောင်းဆုံမြို့နယ်တွင် မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှု
Jan 11,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရရှိစေရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များ အလိုက် အိမ်ထောင်စုလူဦးရေစာရင်းများ ကိုစာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။
ညောင်ဦးမြို့နှင့် ပုဂံမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး
Jan 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (တမာကုန်း )ကျောင်းသို့ အသိပညာပေးဟောပြော
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးပေါင်း၍ မူလွန် (တမာကုန်း) ကျောင်းသို့ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဟောပြောခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင် များ ငှားရမ်း
Jan 11,2023
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့ နံနက် ၁၀  နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မိုင်းယောင်း၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှု
Jan 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစုနှင့်အတူ မိုင်းယောင်းမြို့နယ်ရှိ လူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပ
Jan 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၂/ ၂၃ခု ပညာသင်နှစ် ပညာရေးစုံညီအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသူလေးများမှ "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။