ရန်ကင်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အိမ်ထောင်စုလဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်မှ ကျေးရွာများအရောက် ရပ်ကွက်/ကျေးရွာအုပ်စု(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မူကော်မတီဝင်များ လူမူရေးအသင်းအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းကို ဒုတိယနေ့အဖြစ် တစ်ချိန်တည်း ကောက်ယူလျက်ရှိကြောင်း သိရသည်။