နတ်မောက်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဆောင်ရွက်
Jan 11,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မြေပြင်အခြေခံလူဦးရေစာရင်းမှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူရေးကို ယမန်နေ့နံနက်ပိုင်းက ပ/ဂွေးချိုကျေးရွာနှင့် ရွာမွန်ကျေးရွာများရှိ သက်ဆိုင်ရာကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။