ညောင်ဦး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (Working Group) မြေပြင်ကွင်းဆင်းကောက်ယူခြင်းများကို ယနေ့တွင်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများက ရပ်ကွက်/ကျေးရွာများတွင် စာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထိုသို့မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များက စာရင်းကောက်ယူရာတွင် မှားယွင်းမှု မရှိစေရေး လိုက်လံကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ အိမ်ထောင်စု လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်မှ စတင်ပြီး ရက်ပေါင်း ၂၀ ကြာ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ စာရေးများမှ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကြေးမုံ