ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆိုင်ကယ်စီးနင်းသူများအား ရောင်ပြန်စတေကာများကပ်ပေးခြင်း၊ မော်တော်ကားများအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မြင့်၊ မီးသတဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထက်မြတ်စိုး၊ လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇူးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)