ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်ကျင်းပ

ပန်းတောင်း ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင်  ၂၀၂၂/ ၂၃ခု ပညာသင်နှစ် ပညာရေးစုံညီအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသူလေးများမှ "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင် ဒုတိယဥက္ကဋ္ဌ/ မိဘဆရာအသင်းနာယက ဦးလှကျော်က အဖွင့်အမှာစကားပြောကြားပြီး အထကပန်းတောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူမှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်/ မြို့နယ်/ ကျောင်းအဆင့် အင်္ဂလိပ်စာ/ သင်္ချာစွမ်းရည်ပြိုင်ပွဲဆု စာပေဆုများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ဆွေမှလည်း​ကောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူမှလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် ဒုတိယဥက္ကဋ္ဌ ဦးလှကျော်မှလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်များမှလည်းကောင်း၊

ဆရာမဒေါ်သန်းသန်းဦးမှလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့​နောက်ကျောင်းသား/ သူလေးများမှ ယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး "ဇာတိမာန်" သီချင်းဖြင့် အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ ဆက်)