ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင် များ ငှားရမ်း

ပုလော ဇန်နဝါရီလ ၁၁

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယမန်နေ့ နံနက် ၁၀  နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်၊ သားသား/မီးမီးအကြိုက် သုတ/ရသ စာအုပ် မျိုးစုံစွာဖြင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာဖတ်ရှိန်တိုးတက်လာစေရေး နယ်လှည့်ကွင်းဆင်း၍ အပတ်စဉ်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)