ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Jan 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ မြို့နယ်လမ်းဦးစီးဌာနက မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ စက်တပ်ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။