မိုင်းယောင်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းယောင်းခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစုနှင့်အတူ မိုင်းယောင်းမြို့နယ်ရှိ လူဦးရေမြေပြင်ကွင်းဆင်းစာရင်းကောက်အဖွဲ့များ စာရင်းကောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်အဖွဲ့များ၏ အိမ်ထောင်စုစာရင်း ရှိ/မရှိ၊ အချက်အလက်များ ကွဲလွဲမှု ရှိ/မရှိ၊ ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်း ရှိ/မရှိ သက်ဆိုင်ရာ အိမ်ထောင်စုဝင်တစ်ဦးနှင့် မေးမြန်း/ဖြေကြားနေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် (Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များက လူဦးရေမြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်အဖွဲ့များ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း