ညောင်ဦးမြို့နှင့် ပုဂံမြို့၌ ပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး

ညောင်ဦး  ဇန်နဝါရီ  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့နှင့် ပုဂံမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံး စားအုန်းဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၄၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့ ၊အမှတ် (၅) စည်ပင်သာယာရပ် ခိုင်ဝါလက်ဖက်ရည်ဆိုင်အနီး၊ ပုဂံမြို့ အနော်ရထာရပ်ကွက် (Good Mornig) အနီးတို့တွင် Mobile ကား(၂)တို့ဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချ ပေးလျက်ရှိရာ စားအုန်းဆီပိဿချိန်  ၂၇၅၂ ပိဿရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ