လှည်းကူးမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jan 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသော စာအုပ်များပြန်လည်သိမ်းဆည်းခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်၊ သမဝါယမဦးစီးဌာနနှင့်စီမံကိန်းဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။