သတင်းများ

ပန်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်​မြို့နယ် အဆင့်ပညာရေး စုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)အချိန်က အ.ထ.က (ပန်းတောင်း)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူ
Jan 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ အိမ်ထောင်စုစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်း ဆက်လက်ဆောင်ရွက်
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် အတွက် ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ရပ်ကွက်များ အလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြင့်တင်ရေးအတွက်  နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Jan 12,2023
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက နွားမယံအုပ်စု၊ အမက ဖိုးသိန်းတန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်တင်ရေးအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲ၊  အသိပညာပေး ဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း  ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်း‌ဒေသကြီးလူမှုရေး၀န်ကြီးနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး 
Jan 12,2023
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က  တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၊လူမှု‌ရေး၀န်ကြီးနှင့်တာ၀န်ရှိသူများက ကွင်ဆင်း၍လိုက်လံအားပေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။
နတ်တလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လည် (၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြိုနယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး‌ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာ‌စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်မူးယစ်‌ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး‌ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက သဖန်းချိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။