ကျိန္တလီ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.မ.က(မူလွန်)အမှတ်(၅)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပဒေသာကပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းနားကို ယနေ့မွန်းလွဲ ၁၁နာရီ အချိန်က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အ.မ.က (မူလွန်) အမှတ်(၅)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “မြတ်ဆရာ” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်၍ အ.မ.က(မူလွန်)အမှတ်(၅)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ထွေးက စုံညီပွဲတော် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ဒုတိယမြို့နယ်ပညာရေးမှူး (ငြိမ်း) ဦးတင်အောင်မြင့်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုးရွှေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၁-၂၀၂၂ခုနစ် ပညာသင်နှစ်တွင် ရရှိခဲ့ကြသော ပညာရည်ချွန်ဆုနှင့် အားကစားထူးချွန်ဆုများကို ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/သူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)