စလင်း ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေးအတွက် အိမ်ထောင်စုမိသားစုအတွင်းရှိသည့် လူတစ်ဦးခြင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းခြင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက စလင်းမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဦးရေစာရင်းနှင့်အိမ်ထောင်စုစာရင်းများ တိကျမှန်ကန်မှုရှိစေရန် အိမ်ထောင်စုပုံစံများဖြင့် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စေရေးအတွက် စာရင်းကောက်ပုံစံများ မှန်ကန်မှု ရှိ၊ မရှိစစ်ဆေးခြင်းများနှင့်စာရင်းကောက်ယူရာတွင် ဆောင်ရွက်ကြရမည့်ပုံစံများ၊ တွေ့ကြုံရသည့် အခက်အခဲများကို မြို့နယ်မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီဝင်များနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အဖွဲ့ဝင်များကကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
စလင်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများကောက်ယူနိုင်ရေးအတွက် ရပ်ကွက်(၁၁)ရပ်ကွက်ရှိ စာရေးဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ စာရင်းကောက်ယူရေးအဖွဲ့များက ကောက်ကွက်များအလိုက် တစ်ပြိုင်နက်တည်းဖြင့် မြို့နယ်အတွင်းရှိ ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေအိမ်များတွင် အမှန်တစ်ကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်းသတ်မှတ်စာရင်းပုံစံများဖြင့် ဇန်နဝါရီ ၉ ရက်နေ့မှစတင်၍ ရက် ၂၀ အကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)